ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခံပြီး ထပ်မံဗုံးပေါက်ကွဲမှုကြောင့် ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ည ၇ နာရီဝန်းကျင်ခန့်က ရဲစခန်းရှေ့ ဘန်ကာကို လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုများ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုအပြီး ရဲစခန်းအနီးရှိ မြန်မာ့စီးပွားရေးဘဏ်ကို ဝိုင်းဝန်းပိတ်ဆို့စဉ် ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားပြီး ဒုရဲအုပ်အောင်ကျော်ဦးအပါအဝင် ရဲတပ်သားတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဒုရဲအုပ်သည် ဆီးခုံနှင့်ပေါင်တို့တွင်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာဖြင့်ပင် မြောက်ဥက္ကလာပဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်မှုများကြောင့် လမ်းသွားလမ်းလာပြည်သူတစ်ဦး ထိခိုက်ရရှိခဲ့သည်ဟု ကနဦး သတင်းရရှိထားပြီး လူငယ့်ခေတ်မှ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
လူငယ့်ခေတ် / Lu Nge Khit
No comments:
Post a Comment