ယနေ့ညဦးပိုင်းမှ စတင်ကာ လှိုင်သာယာ၊ ရပ်ကွက်အချို့တွင် တုတ်၊ ဓားကိုင်ဆောင်ထားသူများ ဆိုင်ကယ်များ၊ ကားများဖြင့် ပတ်နေ

HTY Information (ဒီဇင်ဘာ ၃၁ ရက်)

ရန်ကုန်၊ လှိုင်သာယာမြို့အတွင်း၌ ယနေ့ ဒီဇင်ဘာ ၃၁ ရက် ညအစောပိုင်းမှ စတင်ကာ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသူများမှ ဆိုင်ကယ်များ၊ အိမ်စီးကားများဖြင့် ရပ်ကွက်များအတွင်း ပတ်လျက်ရှိနေသည်ဟု သိရသည်။

“တစ်စီးမှာ လူနှစ်ယောက်နဲ့ ဆိုင်ကယ် အစီး ၃၀ နီးပါးလောက်ရှိတယ်၊ Hijet ကားတစ်စီးလည်းပါတယ်၊ ငှါက်ကြီးတောင်ဓားတွေ လွယ်ထားကြပြီး ရပ်ကွက်ထဲပတ်နေတာ၊ ဒို့ပြည်သူတွေညီရဲ့လား ပြောတဲ့ဟာတွေ ဘယ်ရောက်သွားပြီလဲဆိုပြီးတော့လဲ ရွဲ့ပြီး မေးသွားကြသေးတယ်ကြားတယ်” ဟု ဒိုင်စုရပ်ကွက်နေပြည်သူတစ်ဦးမှ HTY Information သို့ ပြောသည်။  

“၈ နာရီလောက်က တွေ့လိုက်တာ ကား ၄ စီး၊ ဆိုင်ကယ် ၁၀ စီးကျော်လောက်နဲ့၊ တုတ်တွေ ဓားတွေနဲ့ လူအပြည့်ပဲ၊ တချို့ ရောင်ပြန်တွေလည်းဝတ်ထားကြတယ်” ဟု ညောင်ရွာနေပြည်သူတစ်ဦးမှလည်း ပြောသည်။

ယနေ့ညသည် နှစ်သစ်ကူးမည့် ညလည်း ဖြစ်သောကြောင့် မြို့နေပြည်သူအများ ပိုမိုသတိထား သွားလာနေထိုင်နိုင်စေရန် အသိပေးရခြင်း ဖြစ်ပါသည်။

HTY Information III

ယနေ့ညဦးပိုင်းမှ စတင်ကာ လှိုင်သာယာ၊ ရပ်ကွက်အချို့တွင် တုတ်၊ ဓားကိုင်ဆောင်ထားသူများ ဆိုင်ကယ်များ၊ ကားများဖြင့် ပတ်နေ ယနေ့ညဦးပိုင်းမှ စတင်ကာ လှိုင်သာယာ၊ ရပ်ကွက်အချို့တွင် တုတ်၊ ဓားကိုင်ဆောင်ထားသူများ ဆိုင်ကယ်များ၊ ကားများဖြင့် ပတ်နေ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.