ပခန်းကြီးတွင် စစ်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားတချို့ဒဏ်ရာရ


ရေစကြို၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၁။

ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကားတစ်စီးအား People Defense Force Yesagyo အဖွဲ့က မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတချို့ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းအဖွဲ့တာဝန်ခံကမြေလတ်အသံသို့ ပြောပါတယ်။

" မနေ့ကမိုင်းဆွဲတာပါ၊ ကားပေါ်မှာစစ်ကောင်စီအင်အား ၂၀ လောက်ပါတယ်ဗျ၊ သေဆုံးမှုတော့မရှိဘူး၊ထိခိုက်ဒဏ်ရာရရှိမှုတော့များပါတယ်၊ မနက် ၁၀ နာရီ ၁၅ လောက်ပါ၊မိုင်း ၂ လုံးဆွဲခဲ့တာပါ၊ ပခန်းကြီးကျေးရွာအနီးမှာပါ၊ စစ်သားများက ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ပါတယ်" ဟု ထပ်မံပြောပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပခန်းကြီးတွင် စစ်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားတချို့ဒဏ်ရာရ ပခန်းကြီးတွင် စစ်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားတချို့ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.