တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၂
ထားဝယ်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုဝေယံကျော်ကို ဒီဇင်ဘာလ ၉ရက်က ထောင်ဒဏ် ၉ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ပါတယ်။
ကိုဝေယံကျော်ဟာ ဇွန်လ ၁၀ရက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ကိုဝေယံကျော်ကို ဘယ်လိုပုဒ်မတွေနဲ့ ထောင်ဒဏ် ၉ နှစ်အမိန့်ချလိုက်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မညိုမာဦး(ခ)ညိုမာကိုလည်း ဒီဇင်ဘာလ ၁ ရက်က ထောင်ဒဏ် ၂နှစ်နဲ့၆လ အမိန့်ချမှတ်ခဲ့တယ်လို့ DPPN က ထုတ်ပြန်ထားပါတယ်။
မညိုမာဦးဟာ မေလ၂၉ရက်က တခြားလူငယ်၃ဦးနဲ့အတူ ဖမ်းဆီးခံရတာဖြစ်ပြီး ၅၀၅(က)၊ ၅၀၅(ဂ)တို့နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။
ထားဝယ်အကျဥ်းထောင်ထဲရှိတခြား နိုင်ငံရေးအကျဥ်းသားတချို့လည်း နှစ်ရှည်ထောင်ဒဏ်တွေ အမိန့်ချခံထားရတယ်လို့ DPPN က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
No comments:
Post a Comment