ဒီကနေ့ ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
“ ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်တဲ့တိုက်ပွဲကတော့ မနက် ၁၀နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးသံ၊ လက်နက်ငယ်သံကောကြားရတာ။ တစ်နေကုန်လုံးပဲ အသံကတော့ တိုက်ပွဲပြင်းထန်တယ်လို့ယူဆတယ်။ ပြီးတော့ ၃နာရီကျော်မှာတော့ လေယာဉ်ဝဲသံကြားရပြီး ဗုံးကြဲတိုက်ခိုက်တော့တာပဲ။ အဝေးကနေ အသံတွေကြားနေရတယ် မြင်တာကတော့ ၂စီးပဲ ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံကာကွယ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီမနက် ၁၀နာရီဝန်းကျင်ကတည်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဒီးမော့ဆိုမြို့နယ်ကောင်းကင်မှာ စစ်ကောင်စီ တိုက်လေယာဉ်ပျံဝဲနေဆဲလို့ သိရပါတယ်။
ကန္တာရဝတီတိုင်း(မ်) / Kantarawaddy Times
No comments:
Post a Comment