ပဲခူးမြို့ အမှတ်(၂)ရဲစခန်းအနီး လှည့်ကင်းလှည့်သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယနေ့(ဒီဇင်ဘာ ၅)ညတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။
"ပဲခူးမြို့အမှတ်(၂)ရဲစခန်းမှဆိုင်ကယ်များဖြင့် လှည့်ကင်းထွက်သည့် ရဲများကိုအမှတ်(၂) ရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ ရန်သူထိခိုက်မှုနောက်ဆက်တွဲသတင်းကို မသိရှိရသေးပေ"ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီယန္တရားများနှင့် နီးစပ်ရာနေရာများသို့ မသွားကြရန်နှင့် လူစည်ကားရာနေရာများကို ရှောင်ရှားပေးကြရန် BPDF က မေတ္တာရပ်ခံထားသည်။
"ကြည့်မြင်တိုင်သွေးကြွေးဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်"ဟု BPDF က ပြောသည်။
စစ်ကောင်စီသည် ပြည်သူများကို တံတိုင်းသဖွယ်ပြုလုပ်ပြီး ၎င်းတို့ယန္တရားများ လည်ပတ်နိုင်စေရေး ဆောင်ရွက်လျက်ရှိရာ BPDF အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ပါးစေများကို ယခုထက်ပိုမိုပြီးလက် တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ထိခိုက်ကျဆုံးမှုရှိ၊ မရှိဆိုသည်ကို လူထုနွေဦးက သီးခြားအတည်ပြုချက် မရရှိသေးပေ။
People's Spring
No comments:
Post a Comment