ပါယ်ငါးဆယ်ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဒလန်လုပ်နေသူတဦး အနီးကပ်ပစ်သတ်ခံရ



ဒီဇင်ဘာလ ၂၄ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ပါယ်ငါးဆယ်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း စကစသတင်းပေး ဒလန် ဦးမြင့်ဆွေ လက်ဘက်ရည်ဆိုင်ထိုင်နေချိန် တိမ်ကြားမင်းခေါင်းအဖွဲ့မှာ နားထင်သို့ သေနတ်နှစ်ချက်ပစ်ခတ် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

စစ်ကောင်စီ သတင်း‌ပေးဒလန်၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူကိုသစ္စာဖောက်သည့်လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက် ကျူးလွန်နေပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တိမ်ကြားမင်း‌ခေါင်အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ဒေသခံတဦးမှ "ဒလန်က လက်ဘက်ရည်ဆိုင်ထိုင်နေတာ၊ ဟိုက နာမည်မေးပြီး နားထင်ကို သေနတ်နဲ့ နှစ်ချက်တေ့ ပစ်သွားတာ" လို့ပြောပါတယ်။
 ပါယ်ငါးဆယ်ရွာမှာ ရက်အနည်းငယ်အတွင်းက ဒလန်သတင်းပေးကြောင့် စစ်ကောင်စီရဲ့ဖမ်း‌ဆီးခြင်းခံရသူများ ရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး


ပါယ်ငါးဆယ်ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဒလန်လုပ်နေသူတဦး အနီးကပ်ပစ်သတ်ခံရ ပါယ်ငါးဆယ်ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဒလန်လုပ်နေသူတဦး အနီးကပ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.