ရေဦး ခင်ပင်ရွာကို စကစများ ဝင်မွှေ ဖျက်ဆီးကာ ခိုးယူလုယက်

ရေဦးနှင့် တန့်ဆည်နယ်တွင် စကစများ ရွာစဉ်ပတ်မွှေ သောင်းကြမ်းကာ လူသတ်၊ လုယက်၊ ခိုးယူနေ၊

MFP ၊ ဒီဇင်ဘာ - ၂၇

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ခင်ပင်ကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများ စီးနင်းဝင်ရောက်ကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး တန်ဘိုးကြီး ပစ္စည်းများ ခိုးယူ လုယက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ ခင်ပင်ရွာအတွင်း စီးနင်းဝင်ရောက် မွှေနှောက်နေခြင်း ဖြစ်ပြီး နေအိမ်များကို ဖျက်ဆီးခြင်းနှင့် မွှေနှောက်ကာ တန်ဘိုးကြီး ပစ္စည်းများ ခိုးယူလုယက်ခြင်းများ ထင်တိုင်းကျဲ လုပ်ဆောင်နေသည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ စကစ အကြမ်ဖက်သမားများ ကျေးရွာအတွင်း ဝင်စီးထားဆဲဖြစ်၍ ခင်ပင်/ရွာငယ် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းအဖွဲ့တစ်ခုဖြစ်သော ရေဦးဆုံမှတ်က ဖော်ပြသည်။ 

စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းစသည့် မြို့နယ်များရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ ပစ္စည်းလု၊ ခိုးဝှက်လုယက်၊ အနိုင်ကျင့်သောင်းကြမ်းခြင်းများ ထင်တိုင်းကျဲ လုပ်ဆောင်လျှက် ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တန့်ဆည်မြို့နယ် လိပ်ခြံရွာနှင့် မြောက်အင်းရွာ၊ ရေဦးမြို့နယ် ရေမျက်ရွာနှင့် ပေါက်တောရွာ၊ ဒီပဲယင်းမြို့နယ် ဆုံကုန်းရွာများသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ လူသတ်၊ မီးရှို့၊ မွှေနှောက်ခိုးယူ လုယက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် တန့်ဆည်မြို့နယ် တစ်ခုတည်း၌ပင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမား (၃၀၀)ကျော် ရှိနေပြီး ဒေသတွင်း ထင်တိုင်းကျဲ လုယက်သောင်းကြမ်း သတ်ဖြတ်နေသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Mandalay Free Press - MFP

ရေဦးမြို့နယ် ခင်ပင်ကျေးရွာအတွင်း စကစ အကြမ်းဖက်သမားများ  ဝင်မွှေကာ နေအိမ်များကို ဖျက်ဆီးထားစဉ်/ Photo - ရေဦးဆုံမှတ်

ရေဦး ခင်ပင်ရွာကို စကစများ ဝင်မွှေ ဖျက်ဆီးကာ ခိုးယူလုယက် ရေဦး ခင်ပင်ရွာကို စကစများ ဝင်မွှေ ဖျက်ဆီးကာ ခိုးယူလုယက် Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.