မုံရွာ ယာကြီးလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ



မုံရွာ ယာကြီး ကလေးဝလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာကတော့ မင်းကင်းကနေဆယ်ရွာချောင်ဘက်ကို စစ်ကူဆင်းလာစဉ်မှာ မိုင်းဆွဲခံရတာဖြစ်ပြီးတော့ ဆယ်ဂဏန်းပမာဏ အကျအဆုံးထိခိုက်မှုတွေရှိတယ်လို့ သူတို့ကပြောပါတယ်။

အခုမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာဟာ ယာကြီးနဲ့လာပို့ကြား ကားလမ်းပေါ်က မိုင်တိုင် ၆၀ ဝန်းကျင်အနီးဖြစ်တယ်လို့လည်း ဒေသသတင်းတွေက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်အချို့ဟာ ကနီမြို့နယ် လာပို့ရွာမှာ တပ်စွဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကလေး၀ မင်းကင်း ကနီ ယင်းမာပင်မြို့နယ်တွေကို ဖြတ်ပြီးဖောက်လုပ်ထားတဲ့ မုံရွာယာကြီးကလေးဝလမ်းဟာ ပြီးခဲ့တဲ့ မေလဝန်းကျင်က စတင်ခဲတဲ့ တိုက်ပွဲတွေအပြီး ပျူစောထီး ပီဒီအက်ဖ် စစ်တပ်တို့ သုံးပွင့်ဆိုင်တိုက်ပွဲတွေကြောင့် အဲ့ဒီလမ်းအစား မဟာမြိုင် တန့်ဆည် ရေဦးလမ်းကိုသာ ဒေသခံတွေ သွားလာရေးအတွက် အသုံးပြုနေကြတယ်လို့ သိရပါတယ်။

BBC Burmese
မုံရွာ ယာကြီးလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ မုံရွာ ယာကြီးလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 17:35 Rating: 5

No comments:

Powered by Blogger.