ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး

ဖားကန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေမဆေးသမားများ ၄ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရှိကာ တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၃ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ဖားကန့်စစ်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် မော်မောလီယန်အနီး အင်ဘလာခရှိ ကျောက်စိမ်းကုမ္ပဏီဝင်းတစ်ခုတွင် လက်နက်ကြီး ၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KGN သတင်းဌာနကိုပြောဆိုခဲ့သည်။

"ဖြစ်သွားတာက ည ၈နာရီလောက် ​ဟုတ်တယ်။ ဗျူဟာကုန်းကနေ ၄ နေရာဘက်ကို လက်နက်ကြီးလှမ်းပစ်တာ။ အင်ဘလာခ မှာက ၂လုံးကျတယ်။ အဲမှာရှိတဲ့ လုပ်ကွက် ကုမ္ပဏီဝင်းမှာကျလို့ ဘက်ဟိုးမောင်းတဲ့ သူက အဲ့နေရာမှာဘဲ ပွဲချင်းပြီးဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်"ဟုပြောဆိုသည်။

စစ်ကောင်စတပ်၏ လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဒဏ်ရာရ ၄ ဦးအနက် ၁ဦးမှာ ပြင်ထန်ဒဏ်ရာရရှိထားကြောင်းသိရသည်။

ထိုလက်နက်ကြီးပေါက်ကွဲမှုဖြစ်ခဲ့သည်နေရာမှာ မြန်မာသူရကုမ္ပဏီလုပ်ကွက်ဟောင်းနေရာတွင်ဖြစ်ပြီး  လုပ်ကွက်အတွင်း အသုံးပြုနေသည့်ဘက်ဟိုး ၂စီးလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့ကြောင်း ဆက်သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုမှာ ယမန်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်ခန့်တွင် အင်တော်ကြီးဒေသဘက်မှ တက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ ၈၀ ဝန်းကျင်ခန့် KIA က ဝှေ့ခါမှော်အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ခြိမ်းခြောက်မှုဖြစ်ုနိုင်သည်ဟု ဒေသခံတစ်ချို့ပြောဆိုချက်မှသိရသည်။

Kachin News Group 

ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.