(ဓာတ်ပုံ - အင်တာနက်) |
11.12.2021(SAT) | 3:30 PM
ယနေ့ ဒီဇင်ဘာ(၁၁)ရက် မနက်(၁၀)နာရီခန့်က ဝက်လက်၊ ကျောက်ကုန်းရွာခံပျူစောထီးများက သလဲဘာမှ ပျူစောထီး - စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျောက်ကုန်းရွာရှိ NLD ထောက်ခံသူ ဦးသောင်းနိုင်၊ ဦးကျော်လင်းနှင့် ဦးမြင့်သိန်းတို့၏ နေအိမ်များကို မီးရှို့သွားသည်ဟု သိရှိရသည်။
"ရွာထဲကို ခွေးတွေ ဝင်လာကတည်းက တစ်ရွာလုံးထွက်ပြေးရတယ်။ ခဏနေတော့ ရွာထဲက မီးခိုးလုံးတွေတက်လာတာကို ရွာအပြင်ကနေပဲ မြင်လိုက်ရတာ။ မီးရှို့ပြီး တော်တော်ကြာတဲ့ထိ ဒီကောင်တွေ ရှိသေးလို့ ဘယ်သူမှလည်း ရွာထဲပြန်ဝင်ပြီး မငြှိမ်းနိုင်လိုက်ဘူး။"ဟု ရွာခံတစ်ဦးက ဆက်သွယ်ပြောပြသည်။
သလဲဘာကျေးရွာမှ ပျူစောထီးများ ရွာတွင် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် သလဲဘာရွာခံ တောင်ကြီးခေါင်းဆောင်သည့်အဖွဲ့များက ဒေသတွင်းကျေးရွာများကို လှည့်၍ ပိုသောင်းကျန်းပြလျက်ရှိသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment