ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများ မီးရှို့နေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ခရမ်းချောင်းရွာတွင် မိုင်းဆွဲခံရ


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့က ပျူစောထီးနှင့်ပေါင်း၍ မီးရှို့ခဲ့ကြသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့က ခရမ်းချောင်းရွာသို့ အလာလမ်း၌ မိုင်းဆွဲခံရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် တောင်ခင်ရန်းကျေးရွာမှ အရာရှိက အစည်းအဝေးခေါ်သဖြင့် သွားတက်ပြီး မြောက်ခင်ရန်းကျေးရွာသို့ ပြန်လာကြစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။ 

 "မြောက်ခင်ရန်းရွာကနေ တောင်ခင်ရန်းရွာကို အရာရှိက အစည်းအဝေးခေါ်လို့ သွားတက်ပြီးအပြန်မှာ မိုင်းဆွဲခံရတာ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၁၀) ဦးသည် ဆိုင်ကယ် (၅)စီးနှင့်အတူ တောင်ခင်ရန်းဘက်မှ ပြန်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲသည့်နေရာတွင် ခြေတစ်ဖက်အပြတ်နှင့် အဝတ်အစားအစအနများကို တွေ့ရကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်နေရသည့် ပြည်သူအများအပြားရှိနေပြီး လိုအပ်ချက်များလည်းရှိနေကြောင်း သိရသည်။




Tachileik News Agency 

ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများ မီးရှို့နေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ခရမ်းချောင်းရွာတွင် မိုင်းဆွဲခံရ ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများ မီးရှို့နေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ခရမ်းချောင်းရွာတွင်  မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 01:46 Rating: 5

No comments:

Powered by Blogger.