ဒီဇင်ဘာလ ၁၄၊ SGG
စစ်ကိုင်းမြို့ သာစည်ရပ်နေထိုင်သူ သားအမိနှစ်ဦးကို ဒီဇင်ဘာလ ၁၃ရက် ညနေ ၄နာရီက အိမ်စီးကား၊ ဘုန်းကြီးကျောင်းကားအသုံးပြုပြီး ကား ၃စီးနဲ့ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ခန့်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးရဲ့ ယောက်ျားက စစ်ဗိုလ်ဖြစ်တယ်လို့သိရပြီး CDM ပြုလုပ်ခဲ့တာကြောင့် မိသားစုဝင်ဖြစ်တဲ့ အမျိုးသမီးနှင့်မိခင်ကို စစ်ကောင်စီတပ်ဖွဲ့မှာ လာဖမ်းသွားတာလို့သိရပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ စစ်ဗိုလ်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့မှ ရှာဖွေဖမ်းဆီးခြင်းမပြုနိုင်ခဲ့ဘူးလို့သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းမြို့ သာစည်ရပ်နေထိုင်သူ သားအမိနှစ်ဦးကို စစ်ကောင်စီမှဖမ်းဆီးခဲ့
Reviewed by THITHTOOLWIN
on
06:00
Rating:
No comments:
Post a Comment