ပန်းပင်ကြီးလမ်းဖြစ်ရပ်အတွက် ရန်ကုန်မြို့နယ်လေးခုတွင် တိုက်ခိုက်ခဲ့သည့် ပျံလွှားအောင် စစ်ဆင်ရေ


ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်ဖြစ်ရပ် အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရန်ကုန်တိုင်း မြို့နယ်လေးခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ယနေ့(ဒီဇင်ဘာ ၆)တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမှတ်(၂၄)ရဲစခန်း၊ ခရမ်းမြို့ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံတစ်ခု၊ လှိုင်သာယာမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တပ်မတော် အထည်ချုပ် စက်ရုံအနီးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁) ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ၏ စီးပွားရေး ထောက်တိုင်တစ်ခု ဖြစ်သော OMINI FOCUS ကုမ္ပဏီပိုင် YBS(99) ယာဉ်လိုင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ လာရောက်စဉ် တို  က်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"အာဏာရူးမင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီတပ်များအပေါ်  ပြည်သူလူထုကိုယ်စား စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေးအတွက် “ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အောက်ပါ စစ်ဆင်ရေးလှုပ်ရှားမှုများကို အခက်အခဲပေါင်းများစွာ ကြားမှ နေ့တွင်းချင်း စီစဉ်ဆောင်ရွက်နိုင်ခဲ့ ပါသည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်တုန့်ပြန်တိုက်ခိုက်မှုများကို ဒေသကာကွယ်ရေးတပ်များဖြစ်သော Spring Revolution Flames- SRF ၊ Anti-Coup People’s Liberation Force - ACPLF နှင့် PDF Khayan စသည့်အဖွဲ့အစည်းများက ပါဝင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

စမ်းချောင်း

စမ်းချောင်းမြို့နယ်ရှိ အမှတ် (၂၄) ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ယမန်နေ့ည ၈ နာရီဝန်းကျင်အချိန်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရန်သူစစ်သားအချို့ သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ခရမ်း

ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတစ်ခုအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ခရမ်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

"ခရမ်းရဲစခန်းထဲ ပေါက်ကွဲတဲ့အသံက တော် တော်ကျယ်တယ်။ ပတ်ဝန်းကျင်အနီးနားအိမ်တွေပါ တုန်သွားတယ်"ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

လှိုင်သာယာ

လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တပ်မတော်အထည်ချုပ်စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားရာနေရာများကို ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများအသုံးပြု၍ နွေဦးတော်လှန်ရေးမီးတောက် (Spring Revolution Flames- SRF) အဖွဲ့က ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဒဂုံဆိပ်ကမ်း

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စီးပွားရေး ​ထောက်တိုင်တစ်ခုဖြစ်သည့် OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းသို့ အကြမ်း ဖက် စစ်ကောင်စီတပ်များ လာရောက်စဉ် အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (Anti-Coup People’s Liberation Force, ACPLF) အဖွဲ့က အဝေးထိန်း ဗုံးနှစ်လုံး အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောက်စီတပ်သားများသေဆုံးမှုရှိသော်လည်းအသေး စိတ်ဆက် လက်စုံစမ်းဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အသိပေးသည်။

"မနေ့က(ဒီဇင်ဘာ ၅ ရက်) တိုက်ခဲ့တဲ့နေရာ တွေမှာ အထူးသဖြင့် စမ်းချောင်းမှာဆို စစ်သားတစ်ယောက် သေတယ်ဆိုတာ ကနဦး အတည်ပြုနိုင်တယ်။ခရမ်းမှာတော့ နှစ်ဦးထက်မနည်းသေဆုံး ထိခိုက်နိုင် တယ်။လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းကတော့ သေချာတပ်အပ်မပြောနိုင်သေးဘူး"ဟု ရန်ကုန်အခြေစိုက် ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို “ပျံလွှားအောင်” စစ်ဆင်ရေးလှုပ်ရှားမှုကိုဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီခြင်း၊ ပူးပေါင်းပါဝင်ခြင်းများကို အရှိန်အဟုန် မပျက်ဆက်လက် ဆောင်ရွက်သွားကြပါရန် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

People's Spring 

ပန်းပင်ကြီးလမ်းဖြစ်ရပ်အတွက် ရန်ကုန်မြို့နယ်လေးခုတွင် တိုက်ခိုက်ခဲ့သည့် ပျံလွှားအောင် စစ်ဆင်ရေ ပန်းပင်ကြီးလမ်းဖြစ်ရပ်အတွက် ရန်ကုန်မြို့နယ်လေးခုတွင် တိုက်ခိုက်ခဲ့သည့် ပျံလွှားအောင် စစ်ဆင်ရေ Reviewed by THITHTOOLWIN on 17:57 Rating: 5

No comments:

Powered by Blogger.