မကွေးတိုင်း၊ ဂန့်ဂေါန်မြို့နယ် နှမ်းခါးကျေးရွာနဲ့ ရွှေဘိုကျေးရွာက လူနေအိမ်တွေခိုးယူဖျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ကြတယ်လို့ကနဦးသတင်းရရှိပါတယ်။
ဒီဇင်ဘာ ၂၉ ရက်ညတွင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နှမ်းခါးကျေးရွာမှာ ညအိပ်တပ်စွဲကြပြီး ရွာထဲကအိမ်တွေကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းတွေခိုးယူပြီး ကြက်ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်ကြပါတယ်။
ရွာထဲက စိတ်ဝေဒနာရှင် အသက် ၆၀ အရွယ်အမျိုးသားကိုရိုက်နှက်ပြီး အသက် ၄၅ နှစ်အရွယ် အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်ကာ အလောင်းကို စပါးတိုက်အတွင်းထည့်ပြီး မီးရှို့ကြပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃၀ ရက် နေ့လည် ၂ နာရီခွဲလောက်တွင် နှမ်းခါးရွာက အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ရွှေဘိုကျေးရွာသို့သွားကြပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ လူနေအိမ် ၂ လုံးပျက်စီးသွားပါတယ်။
ကားလမ်းမပေါ်က အမည်မသိ လူတစ်ယောက်ကိုလည်း ပစ်သတ်သွားကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ တောင်ခင်ရန်းရွာဘက်ကိုဆက်လက်ထွက်ခွာသွားကြပါတယ်။
Zalen
No comments:
Post a Comment