မြသီတာကန်ပေါ် ပေါက်ကွဲရာက လူသေဆုံးမှု မြိုင် PDFမှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အရေးကြီးထုတ်ပြန်


နိုဝင်ဘာ ၂၀၂၁၊ ၂၀၂၁။

မြိုင်မြို့ မြသီတာကန်ပေါ်တွင်နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှူသည် Myaing PDF မှ လုပ်ဆောင်ခြင်း လုံးဝ မဟုတ်ပါကြောင်း Myaing PDF မှ တာဝန်ခံတဦးက မြေလတ်အသံသို့ပြောပါတယ်။ 

"ဒီနေ့ညနေမှာမြသီတာကန်ပေါ်လူအများ လေ့ကျင့်ခန်းလှုပ်ရှားတဲ့နေရာမှာဗုံးကွဲတယ်ပေါ့၊ ဗုံးကွဲတာမှာပြည်သူ ၅ ယောက်ထိတယ် ၂ ယောက်သေတယ်၊ အဲဒါကျနော်တို့မြိုင် PDF ကလုပ်ဆောင်တာမဟုတ်ပါဘူး၊ အရင်တုန်းကလည်းဇီးဖြူပင်ရွာနားလေးမှာ စစ်ကောင်စီအဖွဲ့ကထောင်ထားတဲ့ မိုင်းထိလို့နွားကျောင်းသားကလေးတစ်ယောက်ခြေထောက်ထိခိုက်ဒဏ်ရာရပါတယ်၊ မြိုင်PDFကပြည်သူသာ အမိအဖဖြစ်တဲ့အတွက်ပြည်သူထိခိုက်ထိတ်လန့်အောင်ဘယ်တော့မှမလုပ်ပါဘူး၊စစ်ကောင်စီအဖွဲ့ကိုတော့ထိထိရောက်ရောက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ၎င်းကပြောပါတယ်။ 


မြေလတ်အသံ - Myaelatt Athan

မြသီတာကန်ပေါ် ပေါက်ကွဲရာက လူသေဆုံးမှု မြိုင် PDFမှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အရေးကြီးထုတ်ပြန် မြသီတာကန်ပေါ် ပေါက်ကွဲရာက လူသေဆုံးမှု မြိုင် PDFမှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အရေးကြီးထုတ်ပြန် Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.