ကျောက်ထု၊ နိုဝင်ဘာ ၂၇၊ ၂၀၂၁။
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကံချောင်းရွာကနေ ကျောက်ထုဘက်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့ဟာ Kyaukhtu PDF က ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်သွားပြီး မိုင်းမိလို့ စစ်သား ၁၀ ဦးသေဆုံးပြီး၊ အများအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
"ကျနော်တို့ မိုင်းထောင်ထားတဲ့အတွင်းကို ဝင်ရောက်လာကြတာ၊ မိုင်းကွင်းအတွင်း လမ်းပျောက်ခဲ့ပုံရပါတယ်။ နေ့လယ် ၁၂ နာရီခန့်မှာ မိုင်း ၁ လုံးမိတယ်၊ ညနေ ၄ နာရီခန့်မှာ ထပ်ပြီး မိုင်း ၈ လုံးမိတယ်။ ညသန်းခေါင် ၁၂ နာရီခန့်မှာ မိုင်း ၅ လုံးထပ်ထိကြပါတယ်။" လို့ သူကဆက်ပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့တရက်ထည်း စုစုပေါင်း မိုင်း (၁၄) လုံးမိပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရစစ်သားများပြားခဲ့တာဖြစ်ကြောင်းနဲ့ ကျန်တဲ့စစ်သားတွေက လမ်အတိုင်းမသွားရဲတော့ပဲ တောတိုးကာထွက်ပြေးသွားခဲ့ရတယ်လို့ Kyaukhtu PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment