ယနေ့( နိုဝင်ဘာလ ၂၆ ရက်) နံနက် ၉ နာရီခွဲခန့်နယ်မြေနင်းစစ်ကြောင်းထံ အင်အားဖြည့်လာသော စစ်ကောင်စီတပ်သုံး လိုက်ထရပ်ကားတစ်စီးအား မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လိုက်ထရပ်ကား ပျက်စီးသွားခဲ့ပြီး လေးဦးခန့်သေဆုံးကာ နောက်ထပ်လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
"စခတွေများ ရွှေဉာဏ်တော်စူးရောက်ပုံများပြောပါတယ်။ မိုးကာအစိမ်းမအုပ်ရထုတ်ပြန်ချက်ကြောင့် အစိမ်းရောင်ကိုပြောင်းပြန်လှန် ခဲရောင်အပေါ်ထားအုပ်ပြီး မောင်းလာသတဲ့"ဟု ချောင်းဦး PDFက ပြောသည်။
အဆိုပါမိုင်းဆွဲခံရသည့်ကားသည် ချောင်းဦးမြို့မှထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်အစောပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေဝင်လိုင်းကျေးရွာများတွင် ဝင်ရောက်မွှေနှောက်နေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဆီသို့ တပ်ကူထွက်လာစဥ် မိုင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment