PDF-GanGawက ပြောက်ကျားတိုက်လို့ ကန်နယ် ရဲတစ်ဦး ပွဲချင်းပြီးသေ၊ ကန်ရွာလူနေအိမ် ၆လုံးထက် မနည်းမီးလောင်ပြာကျ

ကန်ရွာလူနေအိမ် ၆လုံးခန့် မီးလောင်ပျက်စီး

ဂန့်ဂေါ နိုဝင်ဘာ ၁၈ 

နိုဝင်ဘာလ(၁၈)ရက်ယနေ့ နံနက် ၉ နာရီ ၄၀ ခန့်က ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ 125ဆိုင်ကယ် အနီရောင် စီးနင်းကာ စခန်းလုံခြုံရေး အတွက် ဘန်ကာပြုလုပ်ရန် ဆာလာအိပ် ထွက်ဝယ်သော ဒုရဲအုပ် အောင်ရဲသူ (​ရှေ့စီး)နှင့် ရဲတပ်သား (နောက်စီး)အား PDF-GanGaw ပြောက်ကျားတပ်က လိုက်လံပစ်ခတ်ခဲ့လို့ ရဲတပ်သား (နောက်စီး)မှာ နေရာတင်ပွဲချင်းပြီး သေဆုံး၍ ဒုရဲအုပ် (​ရှေ့စီး)မှာမူ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  PDF-GanGaw ပြောက်ကျားတပ်မှ ရဲဘော်များကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါဖြစ်စဉ်ဖြစ်ပွာပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲက သောင်းကျန်းလို့ ကန်ရွာလူနေအိမ် ၆လုံးခန့် မီးလောင်ပျက်စီးခဲ့ရပါတယ်။ 

Gangaw Youths Voice



 


PDF-GanGawက ပြောက်ကျားတိုက်လို့ ကန်နယ် ရဲတစ်ဦး ပွဲချင်းပြီးသေ၊ ကန်ရွာလူနေအိမ် ၆လုံးထက် မနည်းမီးလောင်ပြာကျ PDF-GanGawက ပြောက်ကျားတိုက်လို့ ကန်နယ် ရဲတစ်ဦး ပွဲချင်းပြီးသေ၊  ကန်ရွာလူနေအိမ် ၆လုံးထက် မနည်းမီးလောင်ပြာကျ Reviewed by THITHTOOLWIN on 17:43 Rating: 5

No comments:

Powered by Blogger.