နိုဝင်ဘာ ၂၅ ရက်၊ မုံးကိုး
ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနက် ၁၁ နာရီခွဲကျော်မှာ MNDAA ရဲ့ နမ်လောဒေသအနောက်ဘက် တောင်ကုန်းကို ထိုးစစ်ဆင် ချဉ်းကပ်လာတဲ့ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခွဲကျော်မှာလည်း ချင်ချိုင့်ထန်တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းက ဒီနေ့မှာ ဖော်ပြလာပါတယ်။
တိုက်ပွဲအတွင်း MNDAA ဘက်မှတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး MNDAA ရှိရာ မန်ရန်ဒေသနဲ့ ရှိကျိကျတောင်တန်းကို စစ်ကောင်စီက တစ်ရက်အတွင်း လက်နက်ကြီးကျည် (၁၂၀)ကျော် ပစ်ခတ်ခဲ့ပြီး MNDAA ဘက်မှ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်း(၄၁)နဲ့ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment