ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား


နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာယီစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နိုဝင်ဘာလ ၂၇ ရက် ယနေ့နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိထားကာ အချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

"အဲဒီစခန်းက ယာယီစခန်းပဲ၊ စခန်းကြီးမဟုတ်ဘူး။ ဒီမနက် KNLA က သွားပစ်တယ်၊ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်၊ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးဘူး" ဟု KNU သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါတိုက်ပွဲသည် နာရီဝက်ကျော်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများရှိသလို၊ တပ်သား ၆ ဦးကို ဖမ်းဆီးရမိကြောင်း KNLA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကြောင်း KNLA သတင်းရင်းမြစ်များက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

အဆိုပါ စခန်းသည် မထောကျေးရွာနှင့် ကူးဆိပ်ကျေးရွာကြား ဖာပွန်-ကမမောင်း ကားလမ်းပေါ်တွင် တည်ရှိသည်။


Yesagyo Township Info Committee

ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.