ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီ-ရှမ်း နယ်စပ်ရှိ ဖယ်ခုံမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တစ်ချို့ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့ပေါ်မှာ စစ်ကောင်စီက ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြတယ်လို့လည်း ဒေသခံဆီက သိရပါတယ်။
" နေအိမ်တစ်ချို့ပျက်စီးသွားတယ်။ အလုံးအရေအတွက်တော့ တိတိကျကျ မသိရဘူး။ ဒေသခံတွေကတော့ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက အဖမ်းအဆီးတွေ များနေလို့ ရှောင်ကုန်ပြီ။ " လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ဖယ်ခုံမြို့နယ်အတွင်းရှိ လတူးရွာသစ်ကျေးရွာဟာ စစ်ကြောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့ပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မီးရှို့တာတွေကြောင့် အဆောက်အုံ ၇၂ လုံးပျက်စီးခဲ့တယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Kantarawaddy Times
No comments:
Post a Comment