ထန်တလန်မီး လောင်နေဆဲ၊ အနည်းဆုံး အိမ် ၃၀မှ ၅၀ ကြား လောင်သွားပြီ

မနေ့ညနေပိုင်း ၄နာရီခွဲခန့်က လောင်သွားခဲ့တဲ့ ထန်တလန်မီးငြိမ်းသွားပေမယ့် ယနေ့မွန်းလွဲပိုင်း ၂နာရီခန့်တွင် စကစတပ်မှ မီးပြန်ရှို့ခဲ့ကြောင်း ယ‌နေ့ ညနေပိုင်းတွင် ထန်တလန်မြို့အခြေအနေသွားရောက်ကြည့်ရှု့ခဲ့တဲ့ လူငယ်ခေါင်းဆောင်တစ်ဦးက The Chin Journal ကို ပြောပါတယ်။ 

"ညနေပိုင်းမှာ ကျနော်တို့ သွားရောက်ကြည့်ရှု့ခဲ့တာပေါ့။ မနေ့ညနေပိုင်းကလောင်သွားတဲ့မီးငြိမ်းသွားပေမယ့် ယနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်တပ်က ပြန်ရှို့ခဲ့တယ်။ အခုလည်းလောင်နေတယ်" လို့ ယနေ့ည ၇နာရီတွင် အထက်ပါ လူငယ်ခေါင်းဆောင်က ပြောပါတယ်။ 

"စိုက်ပျိုးရေးရပ်ကွက်မှာရှိတဲ့ ရဲစခန်းအောက်ဖက်မှာတော့ အိမ်တွေ အကုန်လုံးနီးပါးလောင်သွားတယ်။ လုံတီာလ်ရပ်ကွက် အထက (၂) ကျောင်းနားမှာလည်း တော်တော်လေးလောင်သွားတယ်။ ကျနော်တို့ အတိအကျစာရင်းမပြုနိုင်သေးဘူး။ အနည်းဆုံး အိမ် ၃၀ မှ ၅၀ ကြား‌ လောက်တော့ လောင်သွားမယ်လို့ ခန့်မှန်ထားတယ်" လို့ ဆက်ပြောပါတယ်။ 

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် ညနေ ၄နာရီခွဲခန့်တွင် ထန်တလန်မြို့ မီးလောင်မှုထပ်မံဖြစ်ပွားပြီး စိုက်ပျိုးရေးရပ်ကွက်ရှိ St. Nicolas Catholic ဘုရားကျောင်းလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။ 

Chin News Journal - CNJ

ထန်တလန်မီး လောင်နေဆဲ၊ အနည်းဆုံး အိမ် ၃၀မှ ၅၀ ကြား လောင်သွားပြီ ထန်တလန်မီး လောင်နေဆဲ၊ အနည်းဆုံး အိမ် ၃၀မှ ၅၀ ကြား လောင်သွားပြီ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.