နို၀င်ဘာ ၂၇
ခရမ်းမြို့နယ်ရဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတစ်ဦးဖြစ်သည့်အပြင် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) ၏ တာ၀န်ရှိသူတစ်ဦးဖြစ်သည့် ကိုထွန်းထွန်း၀င်(ခ)ကိုမီးပွား နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ကိုထွန်းထွန်း၀င်း(ခ)ကိုမီးပွားက ယနေ့သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ခရမ်းမြို့ပြည်သူများ စိတ်မပျက်ကြဖို့၊ သွေးမပျက်ကြဖို့ နှင့် တော်လှန်ရေးကို ဆက်လက်တိုက်ပွဲ၀င်ကြဖို့အတွက် အားပေးစကားပြောကြားသွားခဲ့ပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ
`တော်လှန်ရေးမှာ အသက်တွေပေးဆပ်နေတဲ့ ကလေးတွေ လူတွေ အများကြီးပါ
သူတို့နဲ့နှိုင်းရင် ကျုပ်က ဘာမှမဟုတ်သေးပါဘူး
အိမ်စောင့်စစ်ခွေးတွေရေ ငါ့အိမ်ကို
စောင့်ရှောက်ထားကြအုံး တော်လှန်ရေးပြီး သခင်ငါပြန်လာမှ အရိုးကျွေးမယ်
ခရမ်းမြို့မှ ပြည်သူအပေါင်းတို့
စိတ်မပျက်ပါနဲ့ ရှေ့ဆက်ကြမယ်
သွေးမပျက်ပါနဲ့ ရှေ့ဆက်ကြမယ်
မီးပွါးတွေစုရင်
မီးဟုန်းဟုန်းတောက်ရမယ်
အရေးတော်ပုံ အောင်နေပြီ
မီးပွါး (ခရမ်း)´
ဟုထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Khayan Channel
No comments:
Post a Comment