လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး


နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ဗိုလ်လှကြိုင် ဦးဆောင်သည့် နယ်ခြားစောင့်တပ် -BGF ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာလ ၁၇ရက်တွင် ကေအဲန်ယူ မူတြော်( ဖာပွန်)ခရိုင် ၊ ဒွယ်လိုးမြို့နယ်ရှိ ပိုမာဟဲ နှင့် နို့ဖောထီး ကျေးရွာထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲ၊ နွားများထိမှန်သေဆုံးပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။ 

 နိုဝင်ဘာလ ၁၇ရက်၊ နေ့လည် ၁၂ နာရီနှင့်  မွန်းလွဲ ၂နာရီအချိန်ခန့်တွင် လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲ ၄​ ကောင်နှင့် နွား တစ်ကောင် ကျည်ထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများမှာ မိမိနေအိမ်အတွင်း နေထိုင်မရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ပုန်းအောင်းခဲ့ကြရကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။  

Karen Information Center -KIC 

ပုံစာ- လက်နက်ကြီး ထိမှန်ခဲ့သည့် ကျွဲနှင့် လူနေအိမ် (Photo_ဒေသခံ)




လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး Reviewed by THITHTOOLWIN on 09:12 Rating: 5

No comments:

Powered by Blogger.