နိုင်ငံတ၀န်း အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူ ၂၀၀ နီးပါး အသတ်ခံရလို့ စစ်ကောင်စီ ထုတ်ပြန်


စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်တ၀န်းက မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်း တာ၀န်ထမ်းဆောင်ကြတဲ့ လူပေါင်း ၁၉၈ ယောက် အသတ်ခံခဲ့ရပြီး ဒဏ်ရာရရှိသူပေါင်း ၁၄၈ ဦး ရှိတယ်လို့ စစ်ကောင်စီက နို၀င်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နို၀င်ဘာလ ၁၆ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ဆိုပြီး ဒီလုပ်ရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို စစ်ကောင်စီက အပြစ်ဖို့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးသူစာရင်းဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာလည်း ၄၄ ယောက်ထက်မနည်း သေဆုံးတာ တွေ့ရပါတယ်။

ဒီကာလတွေအတွင်း ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်မလုပ်ကြတဲ့ ဆရာ၊ ဆရာမတွေအပါအ၀င် ပညာရေး၀န်ထမ်း ၁၂ ယောက် အသတ်ခံခဲ့ရတယ်လို့လည်း စစ်ကောင်စီက နို၀င်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တစုံတရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

BBC Burmese

နိုင်ငံတ၀န်း အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူ ၂၀၀ နီးပါး အသတ်ခံရလို့ စစ်ကောင်စီ ထုတ်ပြန် နိုင်ငံတ၀န်း အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူ ၂၀၀ နီးပါး အသတ်ခံရလို့ စစ်ကောင်စီ ထုတ်ပြန် Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.