သာကေတ မြို့နယ်လျှပ်စစ်ရုံးကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ထူပါရုံ ၁ ရပ်ကွက်၊ မြင်တော်သာလမ်းပေါ်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးကို ဒီနေ့ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းမှာ သေနတ်နဲ့ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုဟာ ဒီနေ့ မွန်းလွဲ ၂ နာရီကျော်ကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သံ ၅ ချက် ထက်မနည်းကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်တွင်းမီဒီယာအချို့မှာတော့ လျှပ်စစ်ရုံးကို ကားပေါ်ကနေ ပစ်ခတ်သွားတာဖြစ်ပြီး ထိခိုက်သူမရှိဘူးလို့ ရေးသားဖော်ပြနေတာတွေ့ရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက သာကေတမြို့နယ်လျှပ်စစ်ရုံးအပါဝင် နေရာတချို့မှာ စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

BBC Burmese

သာကေတ မြို့နယ်လျှပ်စစ်ရုံးကို သေနတ်နဲ့ပစ်ခတ်မှုဖြစ် သာကေတ မြို့နယ်လျှပ်စစ်ရုံးကို သေနတ်နဲ့ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.