ရှိမ္မကားရဲစခန်းမှ အရပ်သား ၂ဦးကို ပြန်ပေးဆွဲ


နိုဝင်ဘာ ၂၇

စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာမှတစ်ဦး၊ကျောက်တာကျေးရွာ က တစ်ဦး၊ သူတို့ နှစ်ဦး ရှိမ္မကားရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်ပေးဆွဲခံရပါတယ်။

နိုဝင်ဘာ ၂၃ရက်နေ့၊  ညနေ ၃နာရီ ၄၅မိနစ်ခန့်အချိန်မှာ စဉ့်ကိုင်ကျေးရွာမှ ကျောက်တာကျေးရွာ သို့ ဆိုင်ကယ်နှင့် နှစ်ယောက်ပိုးစီးလာစဉ် ခရိုင်ချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်တို့က ရပ်တန့်ခိုင်းပြီး ဝက်လက်မြို့နယ် ရှိမ္မကားရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး ပိုက်ဆံ သိန်း(၃၀)ဖြင့်  လာရွေးခိုင်းပါတယ်။ သူတို့နှစ်ဦးကို လာမရွေးလျင် သတ်ပစ်မယ်လို့ခြိမ်းခြောက် ငွေတောင်းခဲ့တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေက ပိုက်ဆံသိန်း(၃၀)ပေးပြီး ရှိမ္မကားရဲစခန်းကနေရွေးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ရှိမ္မကားရဲစခန်းမှ အရပ်သား ၂ဦးကို ပြန်ပေးဆွဲ ရှိမ္မကားရဲစခန်းမှ အရပ်သား ၂ဦးကို ပြန်ပေးဆွဲ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.