ထားဝယ်တက္ကသိုလ်က ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူငယ်ချင်း လေးယောက်တို့ကို နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထားဝယ်မြို့ ညောင်ရမ်းတောင် ရပ်ကွက်ထဲကနေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
ထားဝယ်တက္ကသိုလ်က သင်္ချာ ပထမနှစ် ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူ့ သူငယ်ချင်းလေးယောက် တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့်ဖမ်းဆီးတယ်၊ သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သူငယ်ချင်း လေးယောက်တို့ဟာလည်း ကျောင်းသားတွေဖြစ်ကြပြီး ဘယ်တက္ကသိုလ်က ကျောင်းသားတွေဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က အခုလိုပဲ ထားဝယ်တက္ကသိုလ် ပထမနှစ် အရှေ့တိုင်းပညာ ကျောင်းသူ မဆုမြတ်မွန်နဲ့ အဒေါ်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment