ရွှေဘို၊ မြင်းမူနှင့် တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု သတ်မှတ်စွပ်စွဲခံရသူများ ပစ်ခတ်ခံရ ၇ ဦးသေဆုံး

ဓာတ်ပုံ- ရွှေဘိုတွင် အောက်တိုဘာလအတွင်း အသတ်ခံရသူတစ်ဦး။

ရန်ကုန်၊ နိုဝင်ဘာ ၂၆ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မြင်းမူမြို့နယ်၊ ရန်ကုန်တိုင်း တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်း၊ ပျူစောထီးဟု စွပ်စွဲသတ်မှတ်ခံရသူ များ ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံးသွားကြောင်း သိရှိရသည်။ 

နိုဝင်ဘာလ ၂၄ ရက်နေ့  ညနေ၆နာရီခန့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြို့လှရွာနေ စစ်ကောင်စီတပ်များကို ထောက်ပံ့ပေးနေသူ သတင်းပေးဟု စွပ်စွဲ သတ်မှတ်ခံထားရသူ စိုးသိန်းနှင့်ခင်မျိုးအေး အပါအဝင် စုစုပေါင်း ၆ ဦးကို  C&T shwebo နှင့် နယ်ခံအဖွဲ့အစည်းက ပူးပေါင်း သတ်ဖြတ်လိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ 

အလား နိုဝင်ဘာလ ၂၅ ရက်နေ့  နံနက် ၁နာရီခွဲဝန်းကျင်အချိန် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် သစ်လိန်ကျေးရွာ၏ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကျော်နိုင်ဝင်းကို ဦးခေါင်း( ၄ )ချက်လည်ပင်း( ၁)ချက် ရင်ဘက်(၂) စုစုပေါင်း သေနတ်ဒါဏ်ရာ (၇)ချက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

အလားတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၄) ရပ်ကွက်တွင်နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်အချိန်  စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အောင်တင်သိန်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ 

ရန်ကုန်ခေတ်သစ်အနေဖြင့် သတ်ဖြတ်ခံရသူများသည် သတင်းပေးဟုတ်၊ မဟုတ် ပျူစောထီး ဟုတ်၊ မဟုတ်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ 


 Yesagyo Township Info Committee

ရွှေဘို၊ မြင်းမူနှင့် တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု သတ်မှတ်စွပ်စွဲခံရသူများ ပစ်ခတ်ခံရ ၇ ဦးသေဆုံး ရွှေဘို၊ မြင်းမူနှင့် တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု သတ်မှတ်စွပ်စွဲခံရသူများ ပစ်ခတ်ခံရ ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.