အကြမ်းဖက်စစ်တပ်အတွင်း ​ရှေ့တန်းထွက်​နေ​သော အရာရှိ၊ တပ်သားများ၏ ဇနီးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဥ်များ ပေါ်​ပေါက်​နေ

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်အပါ အဝင် အရာခံဗိုလ်များနှင့် စစ်ဆင်ရေးထွက်နေသည့် တပ်သား၏ဇနီးမယားများကို အဓမ္မပြုကျင့်ခြင်းနှင့် ကြံစည်မှုများပြုလုပ်သဖြင့် အရေးယူခဲ့ရသည့်  တပ်တွင်းလျှို့ဝှက်စာများ ထွက်ပေါ်လာသည်။

တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိနှင့် စစ်သည်များအနေဖြင့် တပ်တွင်း၊တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက် ပြားစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူမှုရေး ဖောက်ပြန်မှုများ တွေ့ရှိခဲ့ရသည့်အတွက် မဖြစ်ပွားရေး စည်းကမ်းတကျ ထိန်းသိမ်းကြပ်မတ်ရန် အဆိုပါစာတွင် ညွှန်ကြားထားသည်။

လျှို့ဝှက်စာတွင် အခင်းဖြစ်စဥ် ငါးခုပါရှိပြီးအာဏာသိမ်းပြီး​နောက်ယခုနှစ် ဇွန်လမှစ၍ အောက်တိုဘာအတွင်း စစ်ကောင်စီတပ်တွင်း ဖောက်ပြန်မှုများ ဖြစ်သည်။

အမှတ် (၁၄၂) ခြေလျင်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ် ကြည်း (၄၅၄၁၀) ဗိုလ်မှူးတင်ကိုထက်သည် ဌာနချုပ်၏ တပ်ခွဲမှူးတာဝန်ထမ်းဆောင်စဥ် တစ်တပ်တည်း​​​နေ ဒုတပ်ကြပ်သံချောင်း၏ ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်ကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှ ချစ်ကြိုက်ကြောင်းအပြန်အလှန်​ပြော ခြင်း၊ဗီဒီယို ကောအပြန်အလှန်ခေါ်ခြင်းနှင့် နေအိမ်လိုင်းခန်းအား အဝင်၊ အထွက် ပြုလုပ်ခဲ့သည့်အတွက် စစ်စည်းကမ်းအရ အရေးယူခဲ့သည်ဟု ပါရှိသည်။

အလားတူ ခြေလျင်တပ်ရင်း အမှတ်(၁၂၁)မှ ကိုယ်ပိုင်အမှတ် (၂၉၂၁၂) ဒုတိယ အရာခံဗိုလ်ထွန်းအောင်ကျော်သည် တစ်တပ်တည်းနေသည့် စစ်ဆင်ရေးတာဝန်ထွက်နေသော တပ်သားဇင်ကိုရှိုင်း၏ ဇနီးရွှေဇင်ထွန်း နှင့်အတူ နှစ်ဦးသ​ဘောတူနှစ်ကြိမ် ကာမစက်ယှက်မှုပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါလျှို့ဝှက်စာတွင် ပါရှိသည်။

ထို့အပြင် အမှတ် (၄၃၇)ခြေလျင်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ (၂၅၇၅၈၃) တပ်ကြပ် ဇာနည်အောင်သည် အနံ့ ပျောက်သည်ဟုဆိုကာ အရက်သောက်၍ တစ်တ​ပ်တည်းနေ စစ်ဆင်ရေး ထွက်နေသော  ဒုတပ်ကြပ်သန်းထိုက်၏ နေအိမ်သို့သွားရောက်ကာ ၎င်း၏ ဇနီးဒေါ်သဲသဇင်ထွန်းနှင့် ကာမစပ်ယှက်ရန် သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ရဲဘော်၊ရဲဘက်စိတ်ကင်းမဲ့ခြင်းနှင့် ညီရင်းအကို စိတ် ဓာတ်ကင်းမဲ့သောကြောင့် အရေးယူမှုများပြုလုပ်ကာ အရာရှိ၊စစ်သည်များ၏ သွားလာနေထိုင်မှုကို သုံးသပ်၍ မဖြစ်ပွားမီကြိုတင်ကာကွယ်ရန်လည်း လျှိုဝှက်စာတွင် ညွှန်ကြားထားသည်။

People's Spring 



အကြမ်းဖက်စစ်တပ်အတွင်း ​ရှေ့တန်းထွက်​နေ​သော အရာရှိ၊ တပ်သားများ၏ ဇနီးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဥ်များ ပေါ်​ပေါက်​နေ အကြမ်းဖက်စစ်တပ်အတွင်း ​ရှေ့တန်းထွက်​နေ​သော အရာရှိ၊ တပ်သားများ၏ ဇနီးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဥ်များ ပေါ်​ပေါက်​နေ Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.