သရက်ချောင်းက သတင်းပေးတစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်၊ နိုဝင်ဘာ၂၇

တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာအုပ်စု၊ သရဲတောင်ရွာမှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီခန့်က စစ်အုပ်စုသတင်းပေးတစ်ဦး သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီသတင်းပေးဒလန်ဟု စွပ်စွဲခံထားရတဲ့သူ ဦးအောင်ဝင်းဆိုသူမှာ သရဲတောင်နဲ့ ကင်းရွာကြားဆက်သွယ်ထားတဲ့ ကြိုးတံတားနားက ဓနိတောမှာ သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" ရွာမှာတော့ သူက စစ်ကောင်စီတပ်ဖွဲ့တွေကို သတင်းပေးသူတစ်ယောက်လို့ လူသိများတယ်၊ သူ့ကို ဓနိတောတစ်ခုမှာ သေနတ်ပစ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေနေတာ ညနေပိုင်းလောက်က ရွာခံတစ်ဦးက တွေ့တာပါ။ ဘယ်သူ ပစ်သွားတာလဲတော့ မသိရသေးဘူး"လို့ ဆိုပါတယ်။

ဦးအောင်ဝင်းက သရဲတောင်ကျေးရွာအုပ်ချုပ်ရေးပိုင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်ပြီး ၎င်းက လွန်ခဲ့တဲ့ရက်ပိုင်းမှာ ဗျူစောထီးအဖွဲ့ဝင်တချို့နဲ့ ပြဿနာအနည်းငယ်ဖြစ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

သရက်ချောင်းက သတင်းပေးတစ်ဦး ပစ်သတ်ခံရ သရက်ချောင်းက သတင်းပေးတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 06:34 Rating: 5

No comments:

Powered by Blogger.