ပျော်ဘွယ်တွင် စစ်ရိက္ခာတင်လာသည်ဟု ဆိုသည့် ကုန်တင်ရထား တိမ်းမှောက်

ဓာတ်ပုံ- ယမန်နေ့ညက တိမ်းမှောက်မှုဖြစ်ပွါးခဲ့သည့် ကုန်တင်ရထား

ပျော်ဘွယ်၊ နိုဝင်ဘာ ၁၈ 

ပျော်ဘွယ်မြို့နယ် ကျောင်းကုန်းကျေးရွာအနီး စစ်တပ်ရိက္ခာများ သယ်ဆောင်လာသည့် ကုန်တင်ရထားတစ်စင်း တိမ်းမှောက်မှု ယမန်နေ့ညနေက ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက်၊ ညနေ (၅) နာရီခွဲခန့်က မိုင်တိုင်အမှတ် (၂၈၅) နှင့် (၂၈၆) ကြားတွင်  ကုန်တင်ရထား တစ်စင်းသည် နွားအုပ်အားတိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က ပြောထားသည်။

သို့သော် အတည်မပြုနိုင်သေးသည့်အချက် အလက်များ အရ အဆိုပါရထားတွဲမှာ စစ်ကောင်စီ၏ ရိက္ခာများ တင်ဆောင်လာခြင်းဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခံရခြင်းဟု သိရသည်။

"နွားအုပ်တိုက်မိလို့ မှောက်တယ်ဆိုတာ ကားဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ ကြားတာ တံတားနားမှာမိုင်းဆွဲခံရလို့ တွဲ နှစ်တွဲလောက် ချောင်းထဲထိုးကျသွားတယ်။ တစ်တွဲက ပျက်စီးတယ်လို့ သိရတယ်"ဟု ပျော်ဘွယ်မြို့နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ရထားစက်ဗိုလ်နှင့် မီးထိုးတစ်ဦးသေဆုံးသိဟုလည်း ကြားသိရကြောင်း ၎င်းက ဆိုသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည်မပြုနိုင်သေးပါ။

မန္တလေးတိုင်းအတွင်းရှိ မန္တလေး-ပြင်ဦးလွင် ရထားလမ်းပိုင်းတစ်ခုမှာလည်း အောက်တို ဘာ ၈ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားထားသည်။ 


လူငယ့်ခေတ်

ပျော်ဘွယ်တွင် စစ်ရိက္ခာတင်လာသည်ဟု ဆိုသည့် ကုန်တင်ရထား တိမ်းမှောက် ပျော်ဘွယ်တွင် စစ်ရိက္ခာတင်လာသည်ဟု ဆိုသည့် ကုန်တင်ရထား တိမ်းမှောက် Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.