မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ပြောကြပါတယ်။
သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။
စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်းအဆုံးသတ်ဖို့ ဒီ ၇ နိုင်ငံက တိုက်တွန်းထားသလို ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာစစ်ဘက်အတွက် စစ်ဆင်ရေးဆိုင်ရာ အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောကြပါတယ်။
ချင်းပြည်နယ်နဲ့ တခြားဒေသတချို့မှာ လက်နက်ပိုင်ပဋိပက္ခတွေ၊ ဖမ်းဆီးတာတွေ၊ စစ်ကြောရေးမှာ သေဆုံးတာတွေ ပိုတိုးလာနေချိန်မှာပဲ အာရှ၊ ပစိဖိတ်၊ ဥရောပနဲ့ အမေရိကဒေသ နိုင်ငံ ၇ နိုင်ငံရဲ့ အခုလို တိုက်တွန်းတောင်းဆိုချက် ထွက်လာတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
No comments:
Post a Comment