ဒေသခံများကို ခြိမ်းခြောက်ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ ရဲနှစ်ဦးသေ
ဒေသခံများကို ခြိမ်းခြောက်ပြီးပြန်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းတိုင်းပုလဲမြို့နယ် ကန်ဒေါ့ကျေးရွာ၏ မြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က သွား ရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ပုလဲ PDF ကဆိုသည်။
ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု ပြန်လာသည့် လမ်း၌ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အလစ်ငိုက်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
"ပြည်သူများ လှူဒါန်းထားသော နှုတ်ခမ်းနီတောင့်များဖြင့် ဝိုင်းဝန်းဧည့်ခံကြရာ အကြမ်း ဖက်တပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ထာဝရအိပ်စက်အနားယူသွားခဲ့ရပါသည်" ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆို သည်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် စီစဥ်နေပြီး ပုလဲပြည်သူ့ကာကွယ် ရေးတပ်နှင့် ပုလဲဒေသခံတပ်ဖွဲ့များက ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောထားသည်။
People's Spring
No comments:
Post a Comment