* ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ရွာအချို့မှာ ရေဦးဘက်အခြမ်းမှ စစ်ကြောင်းထိုးနေသည်မှာ (၃)ရက်ရှိပြီဖြစ်ပါသည်။
* ထိုရက်များတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ပွဲအသွင်ဆောင် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပါသည်။
* စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများဟာ ရှေ့သို့ ဆက်လက်စစ်ကြောင်းမထိုးနိုင်ပဲ ပိတ်မိသည့် အခြေအနေရောက်နေသည်ဟု သိရပါသည်။
* ယနေ့ (၃) ရက်မြောက်နေ့တွင် ပိတ်မိသည့်အခြေအနေမှ လွတ်မြောက်နိုင်စေရန် လေကြောင်းမှ စစ်ကူပေးပို့ခြင်း၊ပစ်ကူပေးခြင်းများပြုလုပ်ခဲ့ပါသည်။
* လေကြောင်းမှ ရဟတ်ယာဉ် (၅)စီးဖြင့် စစ်ကူပို့ခြင်း၊ ပစ်ကူပေးခြင်းများပြုလုပ်ခဲ့ရာ အနီးရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်ရပါသည်။
* ယခုအခါ ရွာပေါင်း(၁၀)ရွာခန့်၊ စစ်ရှောင် အင်အား (၂၀၀၀)ခန့် ဟာ အနေခက် အစားခက် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။
* သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များ၏ အခက်အခဲများ ပြေလည်စေရန် တတ်နိုင်သည့်ဘက်မှ ပါဝင်လှူဒါန်းကြပါရန် နှိုးဆော်အပ်ပါသည်။
ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
No comments:
Post a Comment