August 18, 2021/ Kachin News Group
ရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။
“ဒီ ရွှေကူမြို့အဝင် ကျေးရွာတစ်ခုမှာ စောင့်ပြီး သွားပစ်တယ်လို့ သိရတယ်။ ပစ်ခတ်တဲ့ သင်္ဘောကို မှန်သွားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့သင်္ဘောက အခု ရွှေကူသင်္ဘောဆိပ်မှာ ပြန်ရောက်နေပြီ။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး” ဟု ပြောဆိုသည်။
ပစ်ခတ်ခံရသည့် သင်္ဘောမှာ ပဒိုင်းအမည်ရှိပြီး ဗန်းမော်မြို့ဘက်သို့ ပြန်လည် ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကသာမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောကို KIA က ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး ငယ် ပစ်ကာ ရွှေကူသို့ ရောက်လာခဲ့သည်။
Kachin News Group
No comments:
Post a Comment