July 12,2021/Kachin News Group
ဖားကန့် ယူမာကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်တွင်ရှိသော ရဲတပ်ဖွဲ့ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရသည်။
ယနေ့နံနက် ၈နာရီခွဲဝန်းကျင်တွင် ယူမာကျေးရွာတွင် စစ်ကောင်စီက ဖွင့်ထားသည့်ကျောင်းသို့ လုံခြုံရေးရယူရန် ရဲတပ်သား ၁၀ဦးခန့်ပါရှိသည့် ရဲကား 4w တစ်စီးအား ကျောင်းရှေ့၌ KIA က ၂ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“မိုင်းခွဲခံရတာက သေချာပါတယ်။ ယူမာကျောင်းရှေ့မှာတင်ခွဲခံရတာဟုတ်တယ်တဲ့။ ရဲကားမှာက ၁၀ ရဲသား ၁၀ယောက်လောက်ပါ လာတယ်လို့သိရတယ်။ ၁၀ ယောက်စလုံး ဒဏ်ရာရတယ်လို့လည်းပြောနေကြတယ်။ သေချာတော့ မသိရသေးဘူး”ဟုပြောဆိုသည်။
KIA ၏ မိုင်းခွဲတိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့မှာ ယူမာကျောင်းတွင် နေ့စဉ်လုံခြုံရေး ယူပေးနေသည့် ရဲတပ်သားများဖြစ်ကြောင်းသိရသည်။
Kachin News Group

No comments:
Post a Comment