ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်
ယနေ့ ဇွန်လ (၂) ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်တွင် ဘုရားသုံးဆူ၊ အောင်သပြေ ဆီဆိုင်အနီးရှိ ဦးမောင်ကျော် ၏နေအိမ်တွင်ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရပါသည်၊၊
ထိုပေါက်ကွဲမှုဖြစ်သည်နှင့် တစ်ပြိုင်နက် တောင်ဝိုင်းအဝင်ဝရှိ BGF တပ်စခန်းမှ 79 လက်နက် တစ်လုံး ပြန်လည်ပစ်ခတ်ခဲ့တာ ရှိသော်လည်း ထိခိုက်မှုများမရှိ ကြောင်းသိရှိရပါသည်။
ကျနော်တို့ ထင်တာကတော့ သူတို့က အဓိကပစ်မှတ်ထားတာကဦးမောင်ကျော်ကိုပဲ ဖြစ်ပါလိမ့်မယ် ဘာကြောင့်လည်းဆိုတော့ သူက အရင် လူထုဆန္ဒပြပွဲတုန်းက လူထုကို ကားနဲ့လိုက်တိုက်ပြီး စစ်တပ်လက်ထဲအပ်ခဲ့တာကိုး'' ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောပါသည်၊၊
အလားတူ ပြီးခဲ့သည့်ဇွန်လ (၁)ရက်နေ့ ညနေ(၈) နာရီခွဲ အချိန်ခန့်တွင် ဘုရားသုံးဆူ တောင်ဝိုင်းအဝင်ဝရှိ BGF စစ်တပ်စခန်းအား အမည်မသိ လူတစ်စုမှ (79mm) ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကာ အခြားလက်နက်ငယ်များနှင့်လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်၊၊
Thoolei News - KNU -Department Of Information

No comments:
Post a Comment