မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးခရိုင် တရားရုံးမှာ လာမယ့် မေလ၂၄ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲချက်တင်ပြီး မေလ ၃၁ ရက်နေ့မှာ အပြီးသတ် အမိန့် ချမယ်လို့ အမည်မဖော်လိုတဲ့ တိုင်းအဆင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အာမခံရဖို့ကို အောင်မြေသာစံမြို့နယ် တရားရုံးကို လျှောက်ထားခဲ့ရာမှာ ဧပြီလ ၉ ရက်နေ့က ပယ်ချခဲ့တဲ့အတွက် မန္တလေးခရိုင်တရားရုံးကို ဆက်လက် လျှောက်ထားခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ခဲ့တဲ့ကြေညာချက် ငါးစောင်ဟာ လက်ရှိ အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်အောင်၊ ကျူးလွန်ချင်လာအောင် လှုံ့ဆော်ရေးသားတယ် ဆိုပြီး ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး က တရားလို ပြုလုပ်တရားစွဲဆို ထားတာဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကပင် ဖမ်းဆီးထိန်းသိမ်း ခံထားရတာဖြစ်ပြီး အခုအခါမှာတော့ အိုးဘိုအကျဉ်းထောင်မှာ ရှိနေတယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/dr-zaw-myint-maung-case-05132021055841.html

No comments:
Post a Comment