![]() |
စစ်ကိုင်း ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံက ဝန်ထမ်း ၃၀၀ ကို တာဝန်က ယာယီရပ်နား |
စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)က CDM ဝန်ထမ်း ၃၀၃ ဦး ကို တာဝန်က ယာယီရပ်နားလိုက်တယ်လို့ စက်ရုံအထွေထွေ မန်နေဂျာက ထုတ်ပြန်လိုက်ပါတယ်။
ဝန်ထမ်း ၅၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစက်ရုံက ဝန်ထမ်းတွေ အများစု CDM လုပ်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ရပ်နားခံရတဲ့ ဝန်ထမ်းတွေထဲမှာ ဒီဇယ်လျှပ်စစ်ပစ္စည်းထိန်း၊ အငယ်တန်းစာရေးထိ ပါဝင်ပါတယ်။
စစ်ကိုင်းမြို့တွင်းပိုင်းမှာ နေ့စဉ် အရပ်၀တ်တွေနဲ့ လုံခြုံရေးချထားပါတယ်။
ဧရာဝတီတံတား အဆင်းဂိတ်မှာ စစ်ဆေးရေးတွေ နေ့စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြတာကို ပြောက်ကျားသပိတ်နဲ့ ညနေပိုင်းမှာ ပြုလုပ်ပါတယ်။
BBC Burmese
စစ်ကိုင်း ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံက ဝန်ထမ်း ၃၀၀ ကို တာဝန်က ယာယီရပ်နား
Reviewed by THITHTOOLWIN
on
19:50
Rating:

No comments:
Post a Comment