May 8, 2021/ Kachin News Group
ဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေး လှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။
မေလ ၅ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့် လူငယ်များက လူမဲ့သပိတ်ဖြင့် ‘အာဏာရှင်ကျဆုံးပါစေ၊ ခွေးစကား နားမယောင်နဲ့ ၊ နွေဦးတော်လှန်ရေးအောင်မြင်ရမည် ၊ Join In CDM’ စသောစာသားများကို လမ်းမပေါ်နှင့် နံရံများတွင် ရေးသားဖော်ပြခဲ့ကြသည်။
ကန်ပိုင်တီမြို့တွင် ပထမဆုံးပြုလုပ်သော အဆိုပါစစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုတွင် ပါဝင်သောလူငယ်များကို ဖမ်းဆီးပေးရန် ဒလန်များကို ကြေညာထားကြောင်း သပိတ်တွင်ပါသူ လူငယ်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
"ကျနော်တို့ ဒေသက အစကနေ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမှာ ဘယ်သူမှမလုပ်ကြဘူး။ ကျနော်တို့ လူငယ်တွေလည်း အရမ်းလုပ်ချင်တယ်။ ဒါပေမယ့် ဒီဘက်မှာက အရမ်းတင်းကြပ်တယ်။ ရဲ၊ စစ်သား၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အစုံရှိတော့ ဘာမှလုပ်လို့မရဘူး။ အခုတောင်မှ စာသားဘဲ လိုက်ရေးထားတယ်။ ဒါတောင် ပြည်သူ့စစ်က ဒလန်တွေကို ငွေ ၁၀သိန်းဆုချမယ်ဆိုပြီး ဖမ်းခိုင်းနေတယ်လို့ သတင်းကြားတယ်"ဟု ပြောဆိုသည်။
Kachin News Group
No comments:
Post a Comment