![]() |
ပုံဟောင်း အသုံးပြုထားပါတယ် |
May 5 - Kachinwaves
မိုးမောက်မြို့နယ် နွမ်လန့်ကျေးရွာရှိ စစ်ကောင်စီ လက်နက်ကိုင်တပ် ခမရ ၄၃၈မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်နေသည့်အတွက် ကျေးရွာပြည်သူများ စိုးရိမ်ထိပ်လန့်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
"အခုလေးတင်ပစ်တာ ၄ခေါက်ရှိပြီ။ နေ့တိုင်းလိုလိုပစ်နေတာ။ရွာကလူတွေ အများပိုင်းက ထွက်ပြေးသွားပြီ။ အခုအိမ်စောင့်တဲ့သူ တစ်ယောက်နှစ်ယောက်ပဲရှိတော့တာ။"ဟု ဒေသခံတစ်ဦးကဆိုသည်။
အိမ်မစောင့်လျှင်လည်း မရကြောင်း လက်ရှိအိမ်စောင့်ရှိနေချိန်တောင် အချို့အိမ်များ ဖောက်ပြီး ပစ္စည်းအခိုးခံနေရကြောင်းလည်း ဆိုသည်။
ကျေးရွာများသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်နေသည့်အတွက် မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နွမ်လန် စသည့် ကျေးရွာများမှ ပြည်သူများ ၈ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိသည်။
ယနေ့ လက်ရှိချိန်ထိလည်း မြို့သစ်ကျေးရွာဘက်တွင် သေနတ်သံများ ဆက်တိုက်ကြားနေရဆဲဖြစ်ကြောင်းလည်းဆိုသည်။
Kachinwaves

No comments:
Post a Comment