![]() |
စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်ဖို့နှိုးဆော်နေတဲ့အမျိုးသမီးတယောက်ကို မတ်လ ၈ ရက်နေ့ကတွေ့မြင်ရ |
ရေကြောင်းပို့ဆောင်ရေးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်က စီဒီအမ် ဝန်ထမ်း ၉၀ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရာထူးကရပ်စဲခံခဲ့ရတယ်လို့ သိရပါ တယ်။
အခုအလုပ်ရပ်စဲခံရတဲ့သူတွေအားလုံးဟာ ဖေဖာ်ဝါရီလဆန်းအာဏာသိမ်းမှုစဖြစ်ကတည်းက စီဒီအမ် လှုပ်ရှားမှုမှာပါလာကြတာဖြစ်ပါတယ်။
"အစောကြီးကတည်းက သိပြီးသား၊ မျှော်လင့်ထားပြီးသားပါ၊ ဒီထက်ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်မယ်ဆိုတာ ကြိုတွေးထားပြီးသားဖြစ်လို့ ထွေထွေထူးထူးကြီးတော့ မခံစားရပါဘူး " အလုပ်ရပ်စဲခံရတဲ့သူတွေထဲမှာပါဝင်တဲ့ ဆရာမတစ်ဦးကပြောပါတယ်။
ရာထူးရပ်စဲခံရလို့ နေတဲ့နေရာကနေ ဖယ်ပေးရမှာဖြစ်ပြီးတေ့ ဝန်ထမ်းအိမ်ရာမှာနေတဲ့ သူတွေအတွက်တော့ အခက်အခဲရှိနိုင်ကြောင်းနဲ့ အမှန်တရားဘက်ကရပ်တည်ပြီး သေဆုံးသွားတဲ့ ကလေးတွေ အသက်တွေစွန့်ခဲ့တာဖြစ်လို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်းသူကပြောပါတယ်။
BBC Burmese
ရေကြောင်းပို့ဆောင်ရေး စီဒီအမ် ဝန်ထမ်း၉၀ကျော် ရာထူးကရပ်စဲခံရ
Reviewed by THITHTOOLWIN
on
07:07
Rating:

No comments:
Post a Comment