(၂၈/၅/၂၀၂၁)
ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ဇိနမာန်အောင် ဘုရားဝင်းမှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို ယနေ့ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးပြီး အနည်းဆုံး (၄) ဦးဒဏ်ရာရဟု မျက်မြင်တွေကပြောသည်။ အပြန်အလှန်ဆဲဆိုပစ်ခတ်မှုမှာ အလုပ်ပြန်လာတဲ့လမ်းမပေါ်က လူငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။
မည်သည့်အဖွဲ့က ဝင်ပစ်သွားသည်ကို မသိရသေးပေမဲ့ ဇိနမာန်အောင်ဘုရားဝင်းထဲမှာ စစ်သားတွေအချင်းချင်းဆဲဆိုရန်ဖြစ်သံတွေကြားနေရတယ်လို့လည်း ဘုရားဝန်းကျင်က ပြည်သူတွေကပြောပါသည်။
Burma News Network
သာကေတပစ်ခတ်မှု စစ်သား (၁) ဦး သေ (၄) ဦးပြင်းထန်စွာဒဏ်ရာရ။
Reviewed by THITHTOOLWIN
on
02:40
Rating:
No comments:
Post a Comment