May 11 - Kachinwaves
စစ်ကောင်စီလက်နက်ကိုင်တပ်များ စီးနှင်းလိုက်ပါပြီး ရိက္ခာပို့လာသော ပေါက်တန်း အမည်ရှိ နှစ်ထပ်သင်္ဘောကို ကေအိုင်အေမှ ယနေ့နံနက်ငါးနာရီဝန်းကျင်တွင် ရွှေကူမြို့ ငါဘတ်ဝအနီး၌ ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
မေ ၇ရက်နေ့ကလည်း ရွှေကူဘက်ကိုဆန်လာသည့် သင်္ဘောနှစ်စီး ပစ်ခံရပြီးနောက် ထွက်ပြေးသွားသည့်သင်္ဘောမောင်းသူအရပ်သားများကို ပြန်လည်ဖမ်းဆီးပြီး မောင်းခိုင်းခဲ့ပြီး ယနေ့နံနက်ပြန်လည် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ယနေ့ ၇နာရီဝန်းကျင်ခန့်တွင် ဧရာဝတီဒုတိယမြစ်ကျဥ်းကနေ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် သင်္ဘောစက်ခန်းပိုင်း ထိသွားကြောင်း ရွှေကူဒေသခံတစ်ဦးက ဆိုသည်။
"သင်္ဘောပေါ်မှလည်း လက်နက်ကြီး သုံးလုံးနဲ့ လက်နက်ငယ်များနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ် နောက်ဘက်လည်း မှန်ထားတယ် စစ်ကောင်စီဘက်မှ ထိခိုက် ဒဏ်ရာရသူများရှိပေမဲ့လည်း မရပ်ဘဲ ဆက်ဆန်သွားကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲပစ်ခတ်သံများကြောင့် နှလုံးရောဂါအခံရှိသည့် ဇင်းဘုံ ရွာက အသက် ၆၀အရွယ်ရှိ အမျိုးသားတစ်ဦး နှလုံးဖောက်ပြီး သေဆုံးသွားကြောင်းလည်း ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါ သင်္ဘောပေါ်တွင် ဆန်အိတ် ၁၀၀၀ အိတ် နဲ့ အခြားစားသောက်စိက္ခာများနှင့် စစ်သားများ လိုက်ပါလာကြောင်း သတင်းရရှိသည်။
Kachinwaves

No comments:
Post a Comment