![]() |
သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ မေလ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ လျှောက်ထားနိုင်တယ်လို့ ဆို |
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ထားသူတွေအနေနဲ့ မိမိတို့ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူး၊ အထက်တန်းကျောင်းအုပ်ကြီးတွေထံမှာ အမှတ်စာရင်းတွေကို လာမယ့် မေလ ၁၁ ရက်နေ့ကစလို့ ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။
သီးခြား ဝင်ခွင့် ရွေးချယ်မယ့် တက္ကသိုလ်တွေမှာ ပထမဦးစားပေး လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်လွှာတွေကို မေလ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်နေ့တွေအပါအဝင် ပိတ်ရက်မရှိဘဲ တင်သွင်းနိုင်တယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာသွားပါတယ်။
သတ်မှတ်ရက် ကျော်လွန်ရင်တော့ ရန်ကုန်မြို့က အဆင့်မြင့်ပညာဦးစီးဌာနဆီကို ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
BBC Burmese
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်နိုင်ကြောင်း ကြေညာ
Reviewed by THITHTOOLWIN
on
07:00
Rating:

No comments:
Post a Comment