![]() |
Photo -CJ |
မန္တလေး မေ ၁၄
မန္တလေးမြို့ နေရာအနှံ့မှာ ပေါက်ကွဲသံတွေကြားနေရပြီး ရဲနဲ့အရပ်ဝတ်တွေ ပျာယာခတ်နေတယ်လို့ စုံစမ်းသိရပါတယ်။
အခုည ၇ နာရီကျော်ကနေ ၈ နာရီကျော်အထိ မိန်းလမ်းမကြီးတွေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။
၃၅ လမ်းမကြီးတစ်လျှောက်၊ ၃၀ လမ်း၊ကျုံးတောင်ဘက် ၂၆ လမ်းမကြီးပေါ်က နေရာအချို့၊ ကျုံးအရှေ့ဘက် ၁၉ လမ်း၊ ကျုံးအနောက်ဘက် လမ်း ၂၀ ဘက်နဲ့ လမ်း ၈၀နဲ့ ၉ လမ်းဘက်က အမှတ် ၄ ရဲစခန်းအနီး၊ ၆၂ လမ်း သံလမ်းနားက အဆင့်မြင့်ရဲစခန်းနားတွေမှာ ပေါက်ကွဲသံတွေ ရှိခဲ့တာလို့ လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကြားသိရသလောက်ဆိုရင် ပေါက်ကွဲသံ အချက် ၃၀ နီးပါး ရှိတယ်လို့ ဆိုထားပါတယ်။
Burma News Network
မန္တလေးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ရှိနေပြီး ရဲတပ်ဖွဲ့နဲ့အရပ်ဝတ်တွေ ခြေရှုတ်နေ
Reviewed by THITHTOOLWIN
on
21:06
Rating:

No comments:
Post a Comment