ဟားခါးမြို့အနောက်ဘက် Nawi ချောင်းနားက တောင်ယာသမား Pu Tler Ling အသက် ၅၆ နှစ် ကို စစ်ကောင်စီတပ်က မေလ ၉ ရက်နေ့က ဖမ်းဆီးသွားပြီးနှိပ်စက်လို့ဒီနေ့သေဆုံးသွားပြီး၊မနက်ဖြန်သဂြိုလ်ရန်စီစဥ်နေကြောင်းသူနဲ့နီးစပ်တဲ့မိသားစု၀င်ဆီကသိရပါတယ်။
"သူကနဂိုကျန်းမာရေးကောင်းပြီးသားပါ၊နှိပ်စက်လို့သေတာပဲဖြစ်မယ်၊ကလေးမြို့ကိုဆေးကုဖို့ပို့ရင်းသေတာဆိုတော့အလောင်းပြန်ရဖို့လုပ်နေတုန်း လို့ ၄င်းကဆိုပါတယ်။
မေလ ၉ ရက်နေ့က ဖမ်းဆီးခံရတဲ့Pu Tler Ling ရဲ့ကျန်းမာရေးအခြေအနေမဟန်တာကြောင့် ဒီမနက်မှာ ဟားခါးမှ ကလေးမြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတစ်ဝက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ချင်းပြည်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကြောင့် သေဆုံးသူ ၂ ဦး ရှိပြီဖြစ်ပါတယ်။
Chin World
ဟားခါးတွင်ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသူကိုမနက်ဖြန်သဂြိုလ်မယ်
Reviewed by THITHTOOLWIN
on
20:10
Rating:

No comments:
Post a Comment