မန္တလေးမြို့မှာစစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြရင်း မနေ့က လူ ၃၀ ကျော် ရိုက်နှက်အဖမ်းခံရပေမယ့် ဒီနေ့မှာ သပိတ်စစ်ကြောင်းတွေ ထပ်မံထွက်ပေါ်ခဲ့ပါတယ်။ မနက်၊ နေ့ခင်း အချိန်တွေမှာ မြို့နယ်အလိုက် သပိတ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်။
မန္တလေးသံဃသမဂ္ဂ သံဃာတော်တွေက ပြည်သူပြည်သားအပေါင်း ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်ဖို့ ပရိတ်ရွတ်ဖတ် မေတ္တာပွါးဆုတောင်းတာတွေပါ ပြုလုပ်ကြပါတယ်။
မန္တလေးမြို့က နေရာတချို့မှာ စစ်ကောင်စီဘက်က ကင်းပုန်းတွေ ချထားပြီး လမ်းတချို့မှာတော့ အရပ်ဝတ်နဲ့ရော စစ်ကားတွေနဲ့ပါ လှည့်လည်သွားလာနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
BBC Burmese
မန္တလေးဖမ်းဆီးမှုတွေကြားမှာ သပိတ်တွေ ဆက်ထွက်
Reviewed by THITHTOOLWIN
on
20:41
Rating:

No comments:
Post a Comment